19/Dec/2023

Quick Food နဲ့ Myanmar Tourism Bank တို့စပ်ဆက်လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းအခမ်းအနား။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ ရန်ကုန်မြို့ ဆူးလေလမ်းမကြီးပေါ်ရှိ မြန်မာ့ခရီးသွားဘဏ်ရုံးချုပ်မှာ Quick Food နဲ့ Myanmar Tourism Bank တို့ရဲ့ အများပြည်သူများ နဲ့ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ရည်ရွယ်ပြီး နားလည်မှုစာချွန်လွှာ MOU ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါသဘောတူညီချက်အရ Quick Food Application မှာမြန်မာ့ခရီးသွားဘဏ်လက်အောက်ရှိ ဝန်ထမ်းများအတွက် Credit အသုံးပြုနိုင်ရန်စီစဥ်ပေးခြင်း၊ Quick Food မှာလုပ်ကိုင်လျက်ရှိတဲ့ Biker များအတွက် မြန်မာ့ခရီးသွားဘဏ်မှ စက်ဘီးနဲ့ Mobile Phone များအတွက် Installment Plan အသုံးပြုနိုင်ရန်စီစဥ်ပေးခြင်းများနဲ့ အခြားသောအစီအစဥ်ကောင်းများစွာအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်။