16/Oct/2021

“လက်ရှိ ကားစျေးကွက်က ထင်ထားတာထက်ပိုရောင်းရတယ်” – ဦးအောင်မျိုးသူ (Managing Director) Rixs Group Company နှင့် တွေ့ဆုံခြင်း

Q – လက်တလော ကားဈေးကွက်အခြေနေ ဘယ်လိုရှိလဲ ပြောပြပေးပါအုံး။

A – ကားဈေးကွက်က ထင်ထားတာထပ်ကို ပိုရောင်းရပါတယ်။ ကားဈေးတွေလည်း ၃၀% လောက်အထိ ဈေးမြှင့်ပြီး ရောင်းနေရပါတယ်။ ကားဈေးတွေအရမ်းတက်ပြီး ဝယ်လိုအားတွေ အရမ်းများနေပါတယ်။

Q – အစ်ကိုအနေနဲ့ ကားလုပ်ငန်းတွေအပြင် ခရီးသွားလုပ်ငန်းတွေပါ လုပ်ကိုင်တယ်လို့သိရပါတယ်။ အခုကိုဗစ် အခြေနေလေး နည်းနည်းပြန်ငြိမ်လာတဲ့သဘောရှိလာတော့ ခရီးသွားလုပ်ငန်းအခြေအနေပိုင်းကရော ဘယ်လိုရှိလဲ။

A – ကားလုပ်ငန်းအပြင် BOOKING BURMA အနေနဲ့ TICKETING WEBSITE လည်း လုပ်နေပါတယ်။ ကျွန်တော်တို့ BOOKING BURMA က WEBSITE ပေါ်ကနေ လေယာဉ်လက်မှတ်တွေ၊ ကားလက်မှတ်တွေ၊ ဟော်တယ်ဘိုကင်၊ သင်္ဘောနဲ့ အခြား RENTAL အားလုံးကို လုပ်လို့ရမဲ့ ALL IN ONE POSTAL တစ်ခုအဖြစ်မကြာခင် LAUNCH လုပ်သွားပါမယ်။ DASKTOP VERSION အပြင် IOS/ANDROID တွေမှာပါအသုံးပြုလို့ရမဲ့ MOBILE VERSION တွေလည်းပါလာမှာပါ။ ပြည်တွင်းခရီးနှင့် ပြည်ပခရီး မည်သည့်နေရာကိုမဆို ကျွန်တော်တို့ WEB နဲ့ MOBILE DEVICE ကနေ BOOKING လုပ်လို့ရသွားမှာပါ။ ယခု ပြည်တွင်း COVID-19 ရောဂါပိုး လျှော့နည်းလာတာနဲ့အမျှ ပြည်တွင်းခရီးစဉ်တွေ ပြန်လည်ဦးမော့လာနေပါတယ်။ ကမ်းခြေတွေမှာ သီတင်းကျွတ်အတွက် ဟိုတယ်အားလုံး BOOKING အပြည့်နီးပါး ဖြစ်နေပါပြီ။

Q – မော်တော်ကားဈေးကွက်မှာ ထင်ထားတာထပ်ကို ပိုရောင်းနေရတယ်လို့ သိရပါတယ်။ လူတွေက ဘာကြောင့် ကားဈေးကွက်မှာ မြှုပ်နှံကြတယ်လို့ ယူဆပါသလဲ။ ဈေးနှုန်းက ဘာကြောင့် အမြင့်ဘက်ကိုရောက်သွားတယ်လို့ သုံးသပ်မိပါလဲ ဆရာ။

A – ကားဈေးကွက်မှာ ယခင်ကထပ်ပိုမို ရောင်းချနေရတဲ့ အဓိကရည်ရွယ်ချက်က ကားတင်သွင်းခွင့်တွေပိတ်လိုက်ခြင်း၊ မြန်မာကျပ်ငွေတန်ဘိုးတွေ ကျဆင်းနေခြင်း နှင့် ကျပ်ငွေအပေါ်ယုံကြည်မှု အားနည်းလာခြင်းကြောင့် အသုံးပြုဖို့အတွက်အပြင် ရင်နှီးမြှပ်နှံမှုအဖြစ်တောင် လုပ်လာကြပါတယ်။ ဈေးနှုန်းမြှင့်တက်လာတာကလဲ ဝယ်လိုအား အရမ်းမြှင့်မားလာတာရယ် ၊ BANKING နဲ့ရောင်းချရတဲ့အတွက် % တစ်ခုပေါင်းပြီး ရောင်းချနေတာကိုပါ တွေ့မြင်ရပါတယ်။

Q – ကားဈေးကွက်ရဲ့ရေစီးကြောင်းက ငွေကြေးဖောင်းပွလို့ အတက်ဘက်ကိုပဲသွားနေတယ်ဆိုတော့ ဈေးကွက်ပြန်ကောင်းလာဖို့ အခြေအနေက ဘာတွေ ဖြစ်လာမလဲ။

A – ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့က အစိုးရရဲ့ POLICY ပေါ်မှာပဲ မူတည်နေပါတယ်။ WRONG BUSINESS DECISON POLICY ဖြစ်ပါက ဈေးကွက်က ပိုပြီး ထိုးတက်သွားမှာပါ။ ဈေးကွက်ပြန်ကောင်းလာဖို့က အချက်တွေအများကြီးပေါ်မှာ မူတည်ပါတယ်။ ပြည်သူတွေ အစိုးရအပေါ် ယုံကြည်မှု၊ မှန်ကန်သော POLICY ချမှတ်မှု၊ FREE TRADE POLICY နဲ့ BANKING SECTOR တွေအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ကားတင်သွင်းမှုကိုလည်း အချိန်အကြာကြီး ရပ်ဆိုင်းထားလို့မရပါဘူး။ ပြည်တွင်းကားလုပ်ငန်း လုပ်ကိုင်နေတဲ့ CAR SHOWROOM နဲ့ CAR SALE CENTER တွေ များစွာ ရင်းနှီးမြှပ်နှံထားမှုကိုလည်း အစိုးရအနေနဲ့ လျစ်လျူရှု့ လို့မရပါဘူး။

Q – အခုလက်ရှိ အထွေထွေ အပြောင်းအလဲတွေကြားမှာ ဆရာတို့ ကားလောက ဘယ်လို မျိုးရင်ဆိုင်နေကြရသလဲ။ လုပ်ငန်းတော်တော်များများ ရပ်သွားတာမျိုးလည်းရှိတယ်လို့ သိရတယ်။ ဆရာကော ကြုံရသလား။

A – ကားလောက က ကားတွေရောင်းပြီး ထပ်မံတင်သွင်းလို့မရတာနဲ့ ရင်ဆိုင်နေရပါတယ်။ တင်သွင်းထားပြီးသား ကားတွေ ကုန်သွားရင် ထပ်မံရောင်းချစရာ ကားတွေ လက်ကျန်မရှိတော့ပါဘူး။ ဒီအခြေအနေအတိုင်းဆိုရင် CAR SHOWROOM နဲ့ SALE CENTER တွေက လုပ်ငန်းပိတ်သိမ်းရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ဆိုရင် လုပ်ငန်းရဲ့ 50% လောက်လျှော့ချလိုက်ရပါပြီ။ ဝင်ငွေသာမရှိတာ အသုံးစရိတ်တွေက လျှော့မသွားတဲ့အပြင် ကုန်ဈေးနှုန်း မြင့်တက်လာလေ ပိုပို တိုးပြီး ကုန်ကျလေပါပဲ။ အဲ့အတွက်ကြောင့် အခုလို ပိတ်သိမ်းရတဲ့အထိ ဆုံးဖြတ်ချက်ကို မချချင်ပဲ ချလိုက်ရပါတယ်။

Q – ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေအတော်များများ ပြန်ထွက်သွားတဲ့အတွက် မြန်မာနိုင်ငံက ပြည်တွင်းလုပ်ငန်းရှင်တွေရော၊ ပြည်သူတွေအတွက်ရော ဘယ်လောက် ထိခိုက်မှု ဖြစ်လာနိုင်သလဲ။

A – ပြင်ပရင်းနှီးမြှပ်နှံမှုတွေ တော်တော်များများ ပြန်ထွက်သွားတဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင် နှင့် ပြည်သူတွေ တိုက်ရိုက်ထိခိုက်ပါတယ်။ ဝန်ထမ်းတွေတော်တော်များများ အလုပ်လက်မဲ့ ဖြစ်တယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ PROJECT ယူလုပ်သူတွေ အလုပ်မရှိတော့ဘူး။ ဈေးကွက်ထဲမှာ ဒေါ်လာတွေစီးဆင်းမှု လျော့နည်းလာပြီး အစိုးရရဲ့ အခွန်ရရှိမှု လျှော့နည်းလာပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ နှောင့်နှေး ၊ နစ်နာ ၊ ဆုံးရှုံးသွားရပါတယ်။

Q – အခုလို အခြေအနေ အချိန်ကာလ ကြာလာမယ်ဆိုရင် ပြည်တွင်းကစီးပွားရေးလုပ်ငန်းတွေ ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်ရမလဲသုံးသပ်ဖြေကြားပေးပါအုံး။

A – အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လည်ကုစားဖို့လိုမယ်လို့ထင်ပါတယ် ။ လုပ်ငန်းရှင်တွေ အလုပ်မကောင်းတာ ( ၂ ) နှစ်ပြည့်ပါတော့မယ်။ ပိတ်သိမ်းသွားတဲ့ COMPANY တွေ ၊ ဆိုင်တွေ ၊ ဂိုထောင်တွေ ၊ လုပ်ငန်းတွေ ဆိုတာ မြင်လို့တောင် မကောင်းပါဘူး။ နောက်ပိုင်း လမ်းတွေမှာ သွားရင်းလာရင်း မြင်တွေ့လာတာတွေက ( ငှားမည် / ရောင်းမည် ) ဆိုင်းဘုတ် အနီရောင်တွေ အရမ်း မြင်မကောင်းအောင် တွေ့လာရပါတယ်။ ဒီအချိန်မှာ အမြန်ဆုံးကုသရင် မှီနိုင်ပါသေးတယ်။ အချိန်ကြာလာတာနှင့် အမျှ တောင့်ခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

Q – ဆရာရဲ့ လုပ်ငန်းတွေထဲမှာ ဝန်ဆောင်မှုလုပ်ငန်းတွေလည်းပါတယ်လို့ ကြားပါတယ်။ ဘယ်လို လုပ်ငန်းတွေ ပါသလဲ။ဘယ်လို လုပ်ဆောင်နေပါသလဲ။သိပါရစေ။

A – ကျွန်တော့ရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက များပါတယ်။ EURO NIPPON CAR SHOWROOM နာမည်နဲ့ ပြည်ပကနေကားတွေတင်သွင်းရောင်းချပါတယ်။ QUICK DELIVERY နာမည်နဲ့ DOOR TO DOOR DELIVERY လုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။ BOOKING BURMA နာမည်နဲ့ TICKETING SALES လုပ်ငန်း တွေ REPAY FINANCE နာမည်နဲ့ FINANCING လုပ်ငန်းတွေကို မကြာခင် မိတ်ဆက်ပေးသွားမှာပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ