16/Oct/2021

ဦးအောင်မျိုးသူ (Managing Director) Rixs Group of Company နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး = လက်ရှိ ရန်ကုန်ကားဈေးကွက်အခြေအနေသိလိုပါတယ်။ လက်ရှိ ဘယ်လိုကားအမျိုးအစားတွေအရောင်းအဝယ်ဖြစ်နေသလဲ။

ဖြေ = ကားဈေးကွက်က ထင်ထားတာထပ်ကို ပိုရောင်းရပါတယ် ။ ကားဈေးတွေလည်း ၃၀% လောက်အထိ ဈေးမြှင့်ပြီး ရောင်းနေရပါတယ် ။
ကားကတော့ အမျိုးအစားတိုင်းလိုလိုတော့ သူဟာနဲ့သူ တော့ ရောင်းနေရပါတယ် ။ ရောင်းထွက်တဲ့ ကားတွေကလည်း စျေးရပါတယ် ။

မေး = တစ်ဦးချင်းပါမစ်တွေပိတ်လိုက်တော့ဘာတွေ ပြောင်းလဲသွားတယ်လို့ယူဆမိပါသလဲ။ အဲဒီအတွက်ဈေးကွက်ရဲ့ရေစီးကြောင်းက ဘယ်လိုမျိုးဖြစ်သွားပါသလဲ။

ဖြေ=တစ်ဦးချင်းပါမစ် ပိတ်လိုက်တော့ INDIVIDUAL အခွင့်အရေး ဆုံးရှုံးသွားမယ်လို့ ယူဆပါတယ် ။ INDIVIDUAL PERMIT ကလည်း မြန်မာပြည်မှာသာ ကြားဖူးပါတယ် ။ နိုင်ငံတကာမှာ INDIVIDUAL PERMIT မရှိပါဘူး။ ကြီးမားသော စျေးကွက် ပြောင်းလဲမှု ဘာမှ ဖြစ်မလာနိုင်ပါဘူး ။ စျေးကွက်ရဲ့ရေစီးကြောင်းက ငွေကြေးဖောင်းပွလို့ အတက်ဘက်ကိုပဲသွားနေပါတယ် ။ စျေးကွက်ပြန်ကောင်းလာဖို့ လွယ်လွယ်တော့ မဖြစ်နိုင်တော့ပါဘူး ။

မေး = ဆရာက ကားလုပ်ငန်းအပြင် ဘယ်လိုလုပ်ငန်းတွေလုပ်နေပါသေးသလဲ။

ဖြေ=ကျွန်တော်က ကားလုပ်ငန်းအပြင် DOOR TO DOOR DELIVERY SERVICE , COVID – 19 နဲ့ပတ်သက်တဲ့ MEDICAL ပစ္စည်းတွေ , TRAVEL & TOURS နဲ့ နောက်ပိုင်း FINANCIAL SECTOR နဲ့ INSURANCE ကို တိုးချဲ့ပြီး လုပ်ဖို့ အစီအစဉ် ရှိပါတယ် ။

မေး = ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြားမှာ စီးပွားရေးကျပ်တည်းလာကြတယ်လို့ လုပ်ငန်းရှင်တိုင်းပြောနေကြပါတယ်။ဆရာကော ဒီကာလတွေမှာ လုပ်ငန်းကိုဘယ်လိုရှင်သန်အောင် လုပ်ဆောင်နေပါသလဲ။
ဆရာ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေထဲမှာကော ဒီလိုအကျပ်အတည်းကာလမှာ ဘယ်အလုပ်က ပိုပြီး စွန့်စားရတာရှိနေသလဲ။

ဖြေ=ကိုဗစ် နဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ စီးပွားရေး လုပ်ရကိုင်ရ အရမ်းကြပ်တည်းပါတယ် ။ လုပ်ငန်းတွေပြိုလဲ မသွားအောင် အတော်လေးထိန်းထိန်းသိမ်းသိမ်းသွားနေရပါတယ် ။ လက်ရှိဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ မဖြစ်အောင် မနည်း ကြိုးစားတည်ဆောက်နေရပါတယ် ။ ဒီကာလမှာ ကျွန်တော်ပိတ်သိမ်းလိုက်ရတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ် ။ ( ဥပမာ – FITNESS CENTER ) ဆိုရင် ကျွန်တော် ဆက်မလုပ်ဘဲ ပိတ်လိုက်တယ် ။ ကား အရောင်းပြခန်းတွေလည်း အများ ကြီး ရှိပါတယ်။ ( ၆ ) ခုမှာ ( ၃ ) ခုပိတ်လိုက်ရတယ် ။ ဒီအချိန်ကလည်း လုပ်ငန်းတိုးချဲ့ရမဲ့ အချိန်မဟုတ်ဘူးပေါ့နော် ။ ချုံ့ရမယ့် အချိန်ပါ ။ အခြေအနေပြန်လည် ကောင်းမွန်လာရင် တိုးချဲ့ဖို့က သိပ်မခက်ပါဘူး ။

မေး = စိန်ခေါ်မှုတွေကိုဖြေရှင်းတဲ့အခါ အရေးအကြီးဆုံးက ဘာလို့ ခံယူမိပါသလဲ။

ဖြေ=စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့အခါ အရေးကြီးဆုံးက ယုံကြည်မှုပဲ ။ မည်သည့်ပြဿနာကိုမဆို အရှုံးမပေးဘဲကြိုးစားရင် ပြသနာအားလုံးကို ကျော်ဖြတ်နိုင်သွားမှာပါ ။

မေး = လူငယ်လုပ်ငန်းရှင်တစ်ယောက်ရဲ့ အနာဂတ်မျှော်လင့်ချက်နဲ့ စိတ်ကူးကိုလည်းပြောပြပေးပါ။

ဖြေ = ကျွန်တော် လူငယ်တစ်ယောက်အနေနဲ့ စီးပွားရေးအောင်မြင်တိုးတက်ချင်တဲ့ အိမ်မက်နဲ့ PLANNING တွ အများကြီး ရှိပါတယ် ။ ဒါပေမဲ့၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်က ကျွန်တော်တို့အတွက် ငရဲလိုပါပဲ ။ တော်တော့်ကို အလူးအလဲ ခံလိုက်ရပါတယ်။ အခြေအနေပြန်ကောင်းလာရင် စီးပွားရေး PLANNING တွေ အများကြီး ရှိပါတယ် ။ နိုင်ငံတကာ အဆင့်မီတဲ့ ကုန်စည် နှင့် ဝန်ဆောင်မှု ပေးနိုင်တဲ့ COMPANY တစ်ခုဖြစ်အောင် ပြန်လည်ကြိုးစားတည်ဆောက်သွား မှာပါ။

ကျေးဇူးတင်ပါတယ်။