ဦးအောင်မျိုးသူ (Managing Director) Rixs Group of Company နှင့် တွေ့ဆုံမေးမြန်းခြင်း
Rixs Group of Companies Secures Exclusive Goodyear Engine Oil Dealership in Myanmar
Quick Food နဲ့ Myanmar Tourism Bank တို့စပ်ဆက်လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းအခမ်းအနား။
Congratulations on winning “International Achievers' Award For CEO of the Year, 2022”
ဦးအောင်မျိုးသူ (Managing Director) Rixs Group of Company နှင့် တွေ့ဆုံမေးမြန်းခြင်း
စစ်ကောင်စီမှအာဏာထိန်းပြီး ၉လအကြာ ပြည်တွင်း ကားလောက အခြေနေ နှင့်ပတ်သက်၍ Rixs Group of Company မှ (Managing Director) ဦးအောင်မျိုးသူ နှင့် တွေ့ဆုံမေးမြန်းခြင်း
“လက်ရှိ ကားစျေးကွက်က ထင်ထားတာထက်ပိုရောင်းရတယ်” – ဦးအောင်မျိုးသူ (Managing Director) Rixs Group Company နှင့် တွေ့ဆုံခြင်း
မေး=အစ်ကို့အနေနဲ့ စီးပွားရေး လောကထဲ ဘယ်အချိန်လောက်ကတည်းက စတင်ဝင်ရောက်ခဲ့တာပါလဲ။
ဖြေ=ကျွန်တော် စီးပွားရေး လောကထဲကို 2012 အကုန်ပိုင်းလောက်က စတင်ဝင်ရောက်ခဲ့တာပါ။
မေး=လူငယ်လုပ်ငန်းရှင်တွေထဲမှာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့အပြင် လုပ်ငန်းအမျိုးအစားခွဲတွေလဲအများကြီး လုပ်ကိုင်နေတယ်လို့ ကြားသိရပါတယ် ။ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအကြောင်းရှင်းပြပေးပါအုံး ။
ဖြေ=ကျွန်တော် အဓိက AUTOMOBILE INDUSTRY လုပ်တာပါ ။ အဲဒီကနေ RIXS GROUP COMPANY အဖြစ် တည်ထောင်ပြီး မော်တော်ကား လုပ်ငန်း အပြင် အခြား DELIVERY DOOR TO DOOR လုပ်ငန်းများ TRAVEL & TOURS TICKETING လုပ်ငန်းများ , MEDICAL SUPPLIES လုပ်ငန်း , FINANCING နှင့် INSURANCE လုပ်ငန်းကို တိုးချဲ့ပြီး လုပ်ကိုင်သွားမှာပါ။
မေး=အစ်ကိုလုပ်ကိုင်နေတဲ့လုပ်ငန်းတွေထဲက ခုချိန်အားအရဆုံး လုပ်ငန်းက ဘာဖြစ်မလဲ။ Quick delivery ကရော ဘယ်ချိန်လောက်က စလုပ်ဖြစ်တာလဲ။ Quick deliveryရဲ့ အားသားချက်က ဘာဖြစ်မလဲ။
ဖြေ= COVID ဖြစ်နေတဲ့ ကာလဆိုတော့ ကျန်းမာရေး ပစ္စည်းတွေ အရမ်းရောင်းရပါတယ်။ ပြီးတော့ အခုကားတွေဈေးတက်တော့ ကားတွေရောင်းရတာပေါ့ ။ မတည်ငြိမ်တဲ့ ဈေးကွက်နဲ့ POLICY တွေကြားမှာ အလုပ်လုပ်ရတာ အရမ်းခက်ခဲပါတယ်။ QUICK DELIVERY ကို ကျွန်တော်တို့တည်ထောင်တာ ( ၁ ) နှစ်လောက်ရှိပါပြီ။ ဒါပေမဲ့ လုပ်ငန်းက လုပ်လိုက် ပြန်ပိတ်လိုက်ဖြစ်နေလို့ အလုပ်လုပ်ရတဲ့ အချိန်သိပ်မရှိဘူး ဖြစ်နေတယ် ။ QUICK ရဲ့အားသာချက်တွေက လာယူခပေးစရာမလိုဘူး။အသက်သာဆုံးဈေးနှုန်း ။သပ်ရပ်လုံခြုံတဲ့ ထုပ်ပိုးမှု ။စိတ်ချရတဲ့ ငွေပေးချေစနစ်။ မြန်ဆန်တိကျမှု။အိမ်တိုင်ရာရောက်ဝန်ဆောင်မှု။
APPLICATION & SOFTWARE အသုံးပြုမှု တွေနဲ့ ကျွန်တော်တို့ ဒီကာလမှာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။
မေး=အခု ပြည်တွင်းမှာ အွန်လိုင်းက ဈေးရောင်းလုပ်ကိုင်ကြတဲ့သူများတဲ့အပြင် delivery လုပ်ငန်းတွေလည်းအများကြီး ဖြစ်လာတဲ့အတွက် deliveryလုပ်ငန်းပိုင်းမှာ ဘယ်လိုအပြိုင်အဆိုင်တွေရှိလာသလဲ။
ဖြေ=DELIVERY က လုပ်ကိုင်တဲ့သူ အရမ်းများပါတယ် ။ ဒါပေမဲ့အရေအတွက်ပဲများတာပါ ။ အရည်အချင်း နဲ့ စနစ်ကျမှု အပိုင်းမှာ အားနည်းချက်တွေ အရမ်းများပါတယ်။ ကျွန်တော်တို့ QUICK ကနိုင်ငံတကာ နည်းတူ SERVICE ပေးနိုင်အောင် ကြိုးစားနေတာပါ။
မေး=လက်တလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါတွေကြောင့် ပြည်တွင်း လုပ်ငန်းတွေ ဘယ်လောက်အခက်ခဲတွေဖြစ်ပေါ်နေတယ်လို့ သုံးသပ်မိပါသလဲ။ ဒီလိုအခြေအနေကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေ အတော်ထိခိုက်မှုတွေရှိလို့ လုပ်ငန်းတွေရပ်တန့်လိုက်ရတာတွေတောင်ရှိလာတဲ့အတွက် အစ်ကို့ အနေနဲ့ရော အစ်ကို့လုပ်ငန်းတွေဘယ်ရာခိုင်နှုန်းလောက်အထိ ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့သလဲ။
ဖြေ= ပြည်တွင်းလုပ်ငန်းတွေ ရှုံးရင်ရှုံး ၊ မရှုံးရင် စရိတ်ရအောင်ကို မနည်းကြိုးစားနေရပါတယ်။ ဒီအချိန်က ကျွန်တော်တို့အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။ ကျွန်တော် တစ်ချို့လုပ်ငန်းတွေ ပိတ်လိုက်ပါပြီ ။ တစ်ချို့ဆိုင်ခွဲတွေလျှော့လိုက်တာတွေ လုပ်ရပါတယ်။ ငှားရမ်းခ ၊ ဝန်ထမ်းစရိတ် နဲ့ အထွေထွေ စရိတ်တွေ အရမ်းများလို့ အဆင်ပြေအောင် ပြန်ညှိရပါတယ်။
မေး=မြန်မာနိုင်ငံရဲ့ အခုလက်ရှိ Banking ပိုင်းတွေအတော် ထိခိုက် ယိုယွင်းနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ဘာလိုများ ဝေဖန်သုံးသပ်ချင်ပါသလဲ။
ဖြေ=BANKING SECTOR က တော်တော် ဆိုးရွားပါတယ်။ ရိုးရိုးအကောင့်တွေ ( SPECIAL A/C ) တွေ ဘယ်နိုင်ငံမှာမှ မရှိပါဘူး ။ ကြားလည်း မကြားဘူးပါဘူး ။ ဘဏ်မှာ ငွေထုတ်မရလို့ ရပ်သွားတဲ့ လုပ်ငန်းတွေနည်းတာမှ မဟုတ်တာ။ ဘဏ်တွေ ဒီပုံစံအတိုင်းသွားရင် SME တွေ အတွက်ရေရှည်မှာ ပိုပြီး ခက်ခဲလာပါလိမ့်မယ်လို့ သုံးသပ်မိပါတယ်။
မေး=အခုဆိုရင် ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေအတော်များများ ပြန်ထွက်ကုန်ပြီ ၊ ဒေါ်လာဈေးတွေလည်းတတ် ကုန်ဈေးနှုန်းတွေလည်းတတ် နေတဲ့အတွက် ပြည်တွင်းလုပ်ငန်းတွေလည်ပတ်မှု က ဒီ၂၀၂၁ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၂နှစ်ဆန်း ကာလမှာ ဘယ်လိုအခြေအနေ ဖြစ်လာနိုင်မလဲ။
ဖြေ=ကျွန်တော်တို့ IMPORT သွင်းတဲ့ ပစ္စည်းရဲ့ အမြတ်ရာခိုင်နှုန်းက ၅% မှ အမြင့်ဆုံးရဲ့ ၇% အထိပဲရှိပါတယ်။ ဒါပေမဲ့ ဒေါ်လာဈေးအတက်အကျက ရာခိုင်နှုန်း ၃၀% ကနေ ၄၀ % အထိရှိနေပါတော့ ကိုယ်သွင်းလာတဲ့ ပစ္စည်း အမြတ် ၊ အရှုံး မသေချာပါဘူး ။ သင်္ဘောခတွေ အဆမတန်ဈေးကြီးတယ်။ ဈေးကွက်မတည်မငြိမ်တွေဖြစ်တော့ ၂၀၂၁ က မကြာခင် ဒီပုံစံအတိုင်းပဲပြီးသွားမှာပါ။ ၂၀၂၂ က ဒီပုံစံအတိုင်းမဖြစ်ဖို့တော့ မျှော်လင့်ထားပါတယ်။